မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ
၁၃၈၈ ခု၊ ကဆုန်လဆုတ် ၇ ရက်
()
အမိန့်အမှတ် (၄/၂၀၂၆)
တာဝန်မှထုတ်ပယ်ခြင်း
ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံ ပုဒ်မ (၈၈)၊ (၈၉) အရ မန္တလေးဒေသလွှတ်တော်၏ သဘောတူဆုံးဖြတ်ချက်ဖြင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ကောင်စီဝင် အဖြစ်မှလည်းကောင်း လူငယ်၊ အမျိုးသမီးနှင့် ကလေးသူငယ် ရေးရာဌာနကြီး၏ ဌာနကြီးမှူးအဖြစ်မှ လည်းကောင်း ဦးပြည့်စုံအောင် (ခ) မောင်သုညအား ထုတ်ပယ်လိုက်သည်။
ဦးမြင့်အောင်မိုး ဥက္ကဋ္ဌ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ
