မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် ကြားကာလတက္ကသိုလ်ကောင်စီများ တွေ့ဆုံ
မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် မန္တလေးဒေသအတွင်းရှိ ကြားကာလတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီများသည် ယနေ့ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံ၍ ပွင်းလင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။
ယင်းသို့တွေ့ဆုံရာ၌ လက်ရှိဖြစ်ပေါ်နေသည့် ပညာရေးအခြေအနေများ၊ ကြားကာလတက္ကသိုလ်ကောင်စီများ ရင်ဆိုင်နေရသော စိန်ခေါ်ချက်များ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မန္တလေးဒေသအကြား အဆင့်မြင့်ပညာရေးကဏ္ဍနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့်အာဏာခွဲဝေမှု (Division of Competency) ဆိုင်ရာ ကိစ္စရပ်များ၊ CDM ရေးရာကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
