အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ မန္တလေးဒေသကြားကာလတက္ကသိုလ်ကောင်စီများ တွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် မန္တလေးဒေသ ကြားကာလတက္ကသိုလ်ကောင်စီများသည် ယနေ့ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့၊ နေ့လည် ၁ နာရီတွင် အွန်လိုင်းမှတဆင့် တွေ့ဆုံ၍ ပညာရေးကိစ္စရပ်များကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဂျာထွယ်ပန်၊ ပညာရေးဝန်ထမ်းများ၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီမှ ဥက္ကဋ္ဌ ဦးမြင့်အောင်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်မျိုးလတ်၊ ပညာရေးဌာနကြီးမှူး ဦးမြင့်နှင့် ကောင်စီဝင်များနှင့် ပညာရေး ဝန်ထမ်းများ၊ မန္တလေးဒေသအတွင်းရှိ ကြားကာလတက္ကသိုလ်ကောင်စီများမှ ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အဆင့်မြင့်ပညာကဏ္ဍပညာရေးလုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
