ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီအစည်းအဝေး (၂/၂၀၂၆)မှ အဖွဲ့ဝင်သစ်များအား အတည်ပြု
ယနေ့ ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၅း၀၀) နာရီတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ၏ အလှည့်ကျသဘာပတိ ခူဦးရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူးအဖွဲ့က လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) တွင် အဖွဲ့ဝင်များအဖြစ် ပါဝင်ကြရန် သဘောတူထားပြီးဖြစ်သော စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသနှင့် မကွေးဖက်ဒရယ်ယူနစ်တို့ကို SCEF၏ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် အောက်ရှိ အဖွဲ့ဝင်အသစ်များအဖြစ် အတည်ပြုခဲ့ကြပြီး ဖက်ဒရယ်ယူနစ်အသီးသီးမှ ကိုယ်စားလှယ်များက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပါသည်။
ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ကောင်စီဝင်စာရင်းကို အတည်ပြုကာ သဘာပတိက နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
