အဓိကအကြောင်းအရာသို့ ကျော်သွားရန်
MIGC တံဆိပ်မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီMandalay Interim Governing Council
ချိန်ညှိရန်
အရောင်ပုံစံ
စာလုံးအရွယ်အစား
100%

MIGC နှင့် မန်းတိုင်းဆုံစည်းရာ တွေ့ဆုံဆွေးနွေး

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC) နှင့် မန်းတိုင်းဆုံစည်းရာတို့သည် ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာ၌ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ လူသားစာနာနှင့်ပတ်သက်သည့် လုပ်ငန်းများ၊ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များသို့ ကူညီပံ့ပိုးမှုများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လုပ်ပိုင်ခွင့်အာဏာ ခွဲဝေခြင်း (Division of Competency) ကိစ္စရပ် ဆွေးနွေးနေမှုအခြေအနေများ၊ မန္တလေးဒေသအတွင်း စစ်ရေး နိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

မန်းတိုင်းဆုံစည်းရာသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက မန္တလေးဒေသ၏ လူထုလှုပ်ရှားမှုများ၊ CDM ရေးရာကိစ္စရပ်များ၊ လူသားစာနာအကူအညီများ၊ နိုင်ငံရေးအကျဉ်းသားကိစ္စရပ်များ၊ နိုင်ငံရေးကိစ္စရပ်များ စသည်ဖြင့် တော်လှန်ရေးလုပ်ငန်းများအတွက် ချိတ်ဆက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရာ ဆုံရပ်ဖြစ်ပြီး ယင်းဆုံရပ်မှာပင် စတင်အခြေတည်၍ မန္တလေးဒေသကြားကာလနိုင်ငံရေးအစီအမံ ရေးဆွဲနိုင်ခဲ့ခြင်းဖြစ်သည်။