မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် လူ့အခွင့်ရေးတာဝန်ခံများတွေ့ဆုံ
၂၀၂၆ခု နှစ်၊ စက်တင်ဘာလ ၁၄ ရက်
မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် လူ့အခွင့်ရေးတာဝန်ခံများသည် ယနေ့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၁ နာရီ အချိန်တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံ၍ ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။
ယင်းသို့တွေ့ဆုံရာ၌ လက်ရှိဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးအခြေနေများ၊ ရင်ဆိုင်နေရသော စိန်ခေါ်ချက်များ၊ ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းစဉ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
