အဓိကအကြောင်းအရာသို့ ကျော်သွားရန်
MIGC တံဆိပ်မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီMandalay Interim Governing Council
ချိန်ညှိရန်
အရောင်ပုံစံ
စာလုံးအရွယ်အစား
100%

MIGC နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ တွေ့ဆုံဆွေးနွေး

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ (SFUIG) နှင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေး ကောင်စီ (MIGC) တို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီတွင် ZOOM Platform မှတဆင့် တွေ့ဆုံခဲ့ကြပါသည်။

ယင်းသို့တွေ့ဆုံရာ၌ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီက လက်ရှိဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းစဉ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း (Division of Competency) ဆွေးနွေးညှိနှိုင်းနေမှုအခြေအနေများ၊ လက်ရှိ စိန်ခေါ်ချက်များ စသည်တို့ကို ဆွေးနွေးမျှဝေခဲ့ပါသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအနေဖြင့်လည်း ထုတ်ပြန်ထားသည့် မူဝါဒ (၅) ရပ်အပါအဝင် စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမျှဝေခဲ့ကြပါသည်။

မန္တလေးဒေသနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့သည် နယ်မြေချင်း ထိစပ်လျက်ရှိပြီး လုံခြုံရေး၊ နိုင်ငံရေးကိစ္စရပ်များအပါအဝင် တော်လှန်ရေးလုပ်ငန်းများကို ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး အနာဂတ်တွင်လည်း ဆက်လက်တွေ့ဆုံ ချိတ်ဆက်၍ လုပ်ငန်းဆောင်ရွက်သွားကြမည်ဖြစ်သည်။