အဓိကအကြောင်းအရာသို့ ကျော်သွားရန်
MIGC တံဆိပ်မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီMandalay Interim Governing Council
ချိန်ညှိရန်
အရောင်ပုံစံ
စာလုံးအရွယ်အစား
100%

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟို‌ကော်မတီနှင့်မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ မန္တလေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေး ကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ မန္တလေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နေ့လည် ၂ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ယင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၊ မန္တလေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။