အဓိကအကြောင်းအရာသို့ ကျော်သွားရန်
MIGC တံဆိပ်မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီMandalay Interim Governing Council
ချိန်ညှိရန်
အရောင်ပုံစံ
စာလုံးအရွယ်အစား
100%

ပညာရေးဝန်ကြီးဌာနနှင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ တို့ တွေ့ဆုံဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီတို့သည် ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက် ၁၀ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ယင်းအစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဂျာထွယ်ပန်၊ အတွင်းဝန်များ၊ တာဝန်ရှိသူများ၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် ကောင်စီဝင်များ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် မန္တလေးဒေသအတွင်း မြေပြင်ကျောင်း၊ အွန်လိုင်းကျောင်း ဖွင့်လှစ်၍ ပညာရေးအကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ပညာရေးကဏ္ဍတွင် လုပ်ပိုင်ခွင့်အာဏာခွဲဝေမှု (Division of Competency) ကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။