အဓိကအကြောင်းအရာသို့ ကျော်သွားရန်
MIGC တံဆိပ်မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီMandalay Interim Governing Council
ချိန်ညှိရန်
အရောင်ပုံစံ
စာလုံးအရွယ်အစား
100%

အမျိုးသားညီညွတ်ရေးအစိုးရနှင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရနှင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီတို့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၃ နာရီတွင် ZOOM ပလက်ဖောင်းမှတဆင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

ယင်းအစည်းအဝေးသို့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီမှ ဥက္ကဋ္ဌ ဦးမြင့်အောင်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်မျိုးလတ်နှင့် ကောင်စီဝင်များ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရက လုပ်ပိုင်ခွင့်အာဏာခွဲဝေမှု (Division of Competency) နှင့်စပ်လျဥ်း၍ ပြင်ဆင်နေမှုများ၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုနှင့်စပ်လျဉ်း၍ စဥ်းစားချက်များ၊ ပြည်ထောင်စုနှင့် မန္တလေးဒေသ ညှိနှိုင်းချိတ်ဆက်၍ လုပ်ငန်းဆောင်ရွက်ကြရန် အရေးကြီးမှုများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး ရှေ့ဆက်လုပ်ငန်းစဥ်များ ချမှတ်ခဲ့ကြပါသည်။