အဓိကအကြောင်းအရာသို့ ကျော်သွားရန်
MIGC တံဆိပ်မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီMandalay Interim Governing Council
ချိန်ညှိရန်
အရောင်ပုံစံ
စာလုံးအရွယ်အစား
100%

လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် ဖက်ဒရယ်ယူနစ်ကြားကာလ အစိုးရများ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနှင့် မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ၊ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရဝန်ကြီးချုပ်တို့သည် ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၉:၃၀ နာရီတွင် ZOOM ပလက်ဖောင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများ၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်အောင်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်မျိုးလတ်၊ အတွင်းရေးမှူး ကိုဌေး နှင့် ကောင်စီဝင်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ ဝန်ကြီးချုပ် ဦးစိုးဦး၊ ဒုတိယဝန်ကြီးချုပ် ဒေါက်တာအောင်နေဝင်းနှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်တို့ တက်ရောက်ခဲ့ကြပါသည်။

ယင်းအစည်းအဝေးတွင် လူ့အခွင့်အရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရက ဆောင်ရွက်နေမှု အခြေအနေများ၊ မကွေးဖက်ဒရယ်ယူနစ်၏ အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။