Skip to main content
MIGC sealမန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီMandalay Interim Governing Council
Display
Colours
Text size
100%

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ

()

ထုတ်ပြန်ကြေညာချက် (၁/၂၀၂၅)

ထုတ်ပြန်ကြေညာချက် (၁/၂၀၂၅)

Statement

The English version of this text is not available yet. It is shown in Myanmar.

၁။ အကြမ်းဖက် စစ်အုပ်စုသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ညတွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ အနည်းဆုံး (၃၃) ဦး ကွယ်လွန်၍ (၇၀) ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိခဲ့ရသောကြောင့် မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

၂။ အလားတူ အကြမ်းဖက်စစ်အုပ်စုသည် မန္တလေးဒေသအတွင်းရှိ အရပ်သား အခြေခံ အဆောက်အအုံများဖြစ်သည့် ဘာသာရေးအဆောက်အဦး၊ ကျောင်း၊ ဆေးရုံ၊ စျေးနှင့် မြို့ရွာများအပါအဝင် မြန်မာ နိုင်ငံနေရာအနှံ့အပြား၌ လေကြောင်းတိုက်ခိုက်မှုများ ရက်ရက်စက်စက် ကျူးလွန်လျက် ရှိပါသည်။

၃။ အကြမ်းဖက်စစ်တပ်က မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအပေါ် လေကြောင်းတိုက်ခိုက်ခြင်း သည် လက်နက်ကိုင်ပဋိပက္ခအတွင်း ဂျီနီဗာသဘောတူညီချက်များနှင့် ရောမစာချုပ်ပါ ပြဋ္ဌာန်းချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်ခြင်းဖြစ်သည်။ မန္တလေးဒေသကြားကာလ အုပ် ချုပ်ရေးကောင်စီအနေဖြင့် စစ်အုပ်စု၏ နိုင်ငံတဝှမ်း ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်းထန်စွာ ရှုတ်ချသည်။

၄။ စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်တန့်စေရန်နှင့် ၎င်းစစ်ရာဇဝတ်မှုများအ တွက် တာဝန်ခံမှုရှိစေရန် ထိရောက်သော အရေးယူမှုများဆောင်ရွက်ပေးရန် နိုင်ငံတကာအသိုင်း အဝိုင်းအား တိုက်တွန်းအပ်ပါသည်။

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ