မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ
()
မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီမှ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့သို့ ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ
StatementThe English version of this text is not available yet. It is shown in Myanmar.
ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပသည့် သတ္တမ အကြိမ်မြောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် အစည်းအဝေး၌ ဝန်ကြီးချုပ်က တင်သွင်းသည့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီး ၁၁ ဦး အတည်ပြုခန့်အပ်၍ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့သည်ဟု ကြားသိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါသည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်နှင့် မန္တလေးဒေသသည် နယ်မြေချင်း ထိစပ်လျက်ရှိပြီး မန္တလေးဒေသကြား ကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့နှင့် ကဏ္ဍအသီးသီး၌ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားရမည်ဟု ယုံကြည်ပါသည်။
ဤကဲ့သို့ ယူနစ်အစိုးရများ ဖွဲ့စည်းခြင်းသည် ဖက်ဒရယ်စနစ်ကို တော်လှန်ရေးကာလအတွင်း၌ စတင်၍ အခြေခံအုတ်မြစ်ချခြင်းပင်ဖြစ်ပြီး ပြည်ထောင်စု၏ သီးခြားလုပ်ပိုင်ခွင့်အာဏာများ၊ ပြည်နယ်/ယူနစ်အစိုးရများ၏ သီးခြားလုပ်ပိုင်ခွင့်အာဏာများ၊ ပြည်ထောင်စုနှင့် ပြည်နယ်/ယူနစ်အစိုးရများ ပူးတွဲ ဆောင်ရွက်ရမည့် လုပ်ပိုင်ခွင့်အာဏာများကို ခွဲဝေကျင့်သုံး၍ ဖက်ဒရယ်အရွေ့အသွင်ဆောင်နိုင်ရေး ကြိုးပမ်းနိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။
မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ
