Skip to main content
MIGC sealမန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီMandalay Interim Governing Council
Display
Colours
Text size
100%

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ

()

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်မြောက် နှစ်ပတ်လည်နေ့သို့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီမှ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

Statement

The English version of this text is not available yet. It is shown in Myanmar.

၁။ ယနေ့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို စတင်ဖွဲ့စည်းခဲ့သည့် (၅) နှစ်မြောက် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ဤသမိုင်းဝင်ခရီးစဉ် (၅) နှစ်ပြည့်မြောက်သည့် အခါသမယတွင် မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပြည်ထောင်စုအစိုးရနှင့်အတူ တော်လှန်ရေး အင်အားစု အားလုံးကို လှိုက်လှဲစွာ ဂုဏ်ပြုနှုတ်ခွန်းဆက်သအပ်ပါသည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရသည် လွန်ခဲ့သော (၅) နှစ်တာကာလအတွင်း အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဟူသော သမိုင်းပေး တာဝန်များကို အခက်အခဲနှင့် စိန်ခေါ်မှုများကြားမှ ပြည်သူ့အကျိုးကို ရှေးရှုကာ ဦးဆောင်မှုပေးခဲ့သည်ကို ကျွန်ုပ်တို့က လေးနက်စွာ အသိအမှတ်ပြု မှတ်တမ်းတင်ပါသည်။

၃။ ယခု (၅) နှစ်ပြည့်မြောက်ချိန်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (SCEF) ကို အောင်မြင်စွာ စုစည်းတည်ထောင်နိုင်ခဲ့ခြင်းသည် သမိုင်းဝင်ခြေလှမ်းသစ်တစ်ခု ဖြစ်ပြီး ယင်းစုဖွဲ့မှုဖြင့် တော်လှန်ရေး၏ ရည်ရွယ်ချက်များဖြစ်သည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ဖြုတ်ချရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ထောင်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါ စေကြောင်း ဆန္ဒပြုအပ်ပါသည်။

၄။ ကျွန်ုပ်တို့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီသည် ဒေသတွင်း တော်လှန်ရေး အင် အားစုများနှင့် ပူးပေါင်းကာ အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စုသစ် မပေါ်ထွန်းမချင်း မယိုင်မလဲသော သန္နိဋ္ဌာန်ဖြင့် အတူတကွ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဤသဝဏ်လွှာဖြင့် သစ္စာပြု ပေးပို့အပ်ပါသည်။

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ