ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် မန္တလေးဒေသတို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး
The English version of this text is not available yet. It is shown in Myanmar.
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် မန္တလေးဒေသတို့အကြား ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၆:၀၀) နာရီတွင် အွန်လိုင်းမှတဆင့် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် SCEF အလှည့်ကျသဘာပတိ ခူဦးရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်အောင်မိုး က မန္တလေးဒေသကိုယ်စား နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ SCEF ၏ ဖွဲ့စည်းပုံဆိုင်ရာ ၊ လုပ်ငန်းလမ်းညွှန် မူဘောင် (Operational Framework) နှင့် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်အဆိုပြုချက်များကို ရှင်းလင်းတင်ပြခဲ့ရာ မန္တလေးဒေသဘက်မှ တာဝန်ရှိသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုများအပြီးတွင် မန္တလေးဒေသအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၌ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောတူညီချက်များ ရယူအတည်ပြုနိုင်ခဲ့သည်။
ယင်းနောက် မန္တလေးဒေသလွှတ်တော်ဥက္ကဋ္ဌ ဒေါ်သီတာငြိမ်း နှင့် SCEF အလှည့်ကျသဘာပတိ ခူဦးရယ်တို့က အစည်းအဝေး နိဂုံးချုပ်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
