စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရနှင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီတို့ မြေပြင်တွင် တွေ့ဆုံဆွေးနွေး
The English version of this text is not available yet. It is shown in Myanmar.
စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရနှင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီတို့သည် လွတ်မြောက်နယ်မြေတစ်နေရာ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မြေပြင်မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးစိုးဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဦးမိုးမင်းဝင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးသန်းလှိုင်၊ ရှေ့နေချုပ် ဦးအောင်ချစ်ညိုတို့ တက်ရောက်ကြပြီး မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီမှ ဥက္ကဋ္ဌ ဦးမြင့်အောင်မိုး၊ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မျိုးလတ်၊ ကျန်းမာရေးဌာနကြီးမှူး ဒေါက်တာအောင်ကျော်ဦး၊ အတွင်းရေးမှူး ဦးဌေးတို့ တက်ရောက်ခဲ့ကြပါသည်။
နှစ်ဘက်တွေ့ဆုံဆွေးနွေးကြရာတွင် လက်ရှိတော်လှန်ရေး အခြေအနေများ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်နှင့် မန္တလေးဒေသတို့၏ စိန်ခေါ်ချက်များ၊ ပူးတွဲဆောင်ရွက်ရမည့်ကိစ္စရပ်များကို နှီးနှောဖလှယ်ခဲ့ကြပါသည်။
