ကျန်းမာရေးဝန်ကြီးဌာန၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ မြို့နယ်ကျန်းမာရေးတာဝန်ခံများ တွေ့ဆုံဆွေးနွေး
The English version of this text is not available yet. It is shown in Myanmar.
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ မန္တလေးဒေသ မြို့နယ်ကျန်းမာရေးတာဝန်ခံများသည် ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၂ နာရီတွင် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ယင်းအစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာရွှေပုံ၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာခင်မောင်လွင်နှင့် တာဝန်ရှိသူများ၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်အောင်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်မျိုးလတ်၊ အတွင်းရေးမှူး ကိုဌေး၊ ကျန်းမာရေးဌာနကြီး ဌာနကြီးမှူး ဒေါက်တာအောင်ကျော်ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ကျန်းမာရေးကဏ္ဍ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း (Division of Competency) ကိစ္စရပ်များ၊ ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပါသည်။
