Skip to main content
MIGC sealမန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီMandalay Interim Governing Council
Display
Colours
Text size
100%

မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ ပုံမှန် အစည်းအဝေး ကျင်းပ

The English version of this text is not available yet. It is shown in Myanmar.

မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ ပုံမှန် အစည်းအဝေးကို ယနေ့ (၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်နေ့) ၌ ZOOM Platform မှတဆင့် ကျင်းပခဲ့ကြပါသည်။

ယင်းအစည်းအဝေးသို့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC) ကောင်စီဝင်များ၊ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ သဘာပတိများ၊ စင်္ကြံ၏ အစုအဖွဲ့ (၇) ခုမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၈) ဦးခန့် ပါဝင် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC) နှင့် မန္တလေးဒေသလွှတ်တော်တို့က မိမိတို့လုပ်ငန်းဆောင်ရွက်မှုများကို မျှဝေဆွေးနွေးကြကာ ပါဝင်တက်ရောက်သူများကလည်း အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။

၎င်းနောက် CDM၊ ပညာရေး၊ ကျန်းမာရေး၊ လူသားစာနာ၊ လူထုလှုပ်ရှားမှု၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အစရှိသည့် အကြောင်းအရာကဏ္ဍတခုချင်းစီအလိုက် ဆွေးနွေး၊ ပေါင်းစပ်ညှိနှိုင်းခဲ့ကြပါသည်။ ထို့ပြင် မန္တလေးဒေသ၏ စစ်ရေး နိုင်ငံရေးအခြေအနေများ၊ တနိုင်ငံလုံး၏ စစ်ရေး နိုင်ငံရေးအခြေအနေများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန် မျှဝေဆွေးနွေးခဲ့ကြပါသည်။

“သမဂ္ဂနံ တပေါ သုခံ” (စုပေါင်းညီညာ အောင်ကြောင်းဖြာ) ဆိုသည့် စကားအတိုင်း မိမိတို့ မန်းဒေသ တော်လှန်ရေးအင်အားစုများသည် ပြည်သူ့နွေဦးတော်လှန်ရေးကြီးတွင် တတ်နိုင်သမျှ စနစ်တကျ ချိတ်ဆက်စုစည်း ချီတက်လျက် ရှိကြပါသည်။

အာဏာရှင်စနစ်ဟူသမျှ မုချ ကျရှုံးရမည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။

အရေးတော်ပုံ အောင်ရမည်။