Skip to main content
MIGC sealမန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီMandalay Interim Governing Council
Display
Colours
Text size
100%

မန္တလေးဒေသ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်နှင့် မကွေးဖက်ဒရယ်ယူနစ် အစိုးရ ၃ ရပ် တွေ့ဆုံဆွေးနွေး

The English version of this text is not available yet. It is shown in Myanmar.

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့သည် ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ (၃၀) ရက်၊ နံနက် (၁၀) နာရီတွင် ZOOM Platform မှတစ်ဆင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေး ကောင်စီမှ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအဝင် ကောင်စီဝင်များ၊ စစ်ကိုင်း ဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရမှ ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရမှ ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာ၌ ‌‌‌‌ဖက်ဒရယ်ယူနစ်/ဒေသ ၃ ခု၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စိန်ခေါ်မှုများ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ယူနစ်/ဒေသများအကြား လုပ်ပိုင်ခွင့်တာဝန်များ ခွဲဝေရေး (Division of Competency) ဆွေးနွေးဆောင်ရွက်မှုများကို အပြန်အလှန် ပွင့်လင်း ရင်းနှီးစွာ ဆွေးနွေး၊ အကြံပြုခဲ့ကြပါသည်။ ထို့ပြင် ရှေ့ဆက်အနာဂတ်တွင် ဖက်ဒရယ်ယူနစ်/ဒေသ ၃ ခု လက်တွဲညီညီဖြင့် တော်လှန်ရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြပါသည်။

ယခု တွေ့ဆုံမှုသည် မန္တလေးဒေသ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်နှင့် မကွေးဖက်ဒရယ်ယူနစ် အစိုးရများအကြား ပထမအကြိမ် သုံးပွင့်ဆိုင် တွေ့ဆုံမှုဖြစ်ပြီးပြည်သူလူထုနှင့် တော်လှန်ရေး အကျိုးကို ဦးထိပ်ထား၍ မမှိတ်မသုန် ဆက်လက် လက်တွဲ ချီတက်သွားကြမည် ဖြစ်ပါသည်။

မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေး ကောင်စီ

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရ

ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရ