Skip to main content
MIGC sealမန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီMandalay Interim Governing Council
Display
Colours
Text size
100%

မန္တလေးဒေသလွှတ်တော်နှင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေး

The English version of this text is not available yet. It is shown in Myanmar.

မန္တလေးဒေသလွှတ်တော်နှင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီတို့သည် ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ZOOM Platform မှတဆင့် ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ မန္တလေးဒေသလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင် ကောင်စီဝင်များ တက်ရောက်ကြသည်။ တွေ့ဆုံရာတွင် မန္တလေးဒေသ၏ တော်လှန်ရေးအခြေအနေများ၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ စိန်ခေါ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ပွင့်ပွင့်လင်းလင်း အပြန်အလှန် ဆွေးနွေးအကြံပြုခဲ့ကြပါသည်။

မန္တလေးဒေသ တော်လှန်ရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် မန္တလေးဒေသလွှတ်တော်နှင့် အုပ်ချုပ်ရေးကောင်စီတို့သည် ရှေ့ဆက်၍ လက်တွဲညီညီ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။